Monday, January 30, 2012

ရခိုင်ပြည်အခြေအနေ

ရခိုင်ပြည်အခြေအနေ

၁၉၄၆ ခု၊ မတ်လတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်(ဖဆပလ) အဖွဲ့ဝင်အချို့ တို့သည် (ဖဆပလ) အဖွဲ့ချုပ်မှငှါးထား သော လေယာဉ်ပျံကလေးဖြင့် ရခိုင်ပြည်သို့သွားခဲ့ကြသည်။ စစ်တွေ၊ မြေပုံ၊ မင်းပြားတို့တွင်(ဖဆပလ) အဖွဲ့ချုပ်၏ လုပ်ငန်းစဉ်များကို လူထုအစည်းအဝေးများကျင်းပ တင်ပြပြီး မတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်သို့ပြန်ရောက်ကြ သည်။ ၂၆ ရက်နေ့ နံနက်၉နာရီခွဲတွင် သတင်းစာကွန်ဖရင့်ကျင်းပ၍ ရခိုင်ပြည် အခြေအနေများကို ရှင်းလင်း ပြော ပြလေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရှင်းလင်းပြောပြချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

တောင်ကုတ်သို့ မရောက်ခင် တရက်တွင် ဘုန်းကြီး နှစ်ပါးသည် ဖ၊ ဆ၊ ပ၊ လ၊ ဆန့်ကျင်ရေးဝါဒကို လက်သိပ်ထိုး ဖြန့်နေသည်ဟု သိရကြောင်း၊ သို့သော် မတ်လ ၂ ရက်နေ့ တရားဟောပွဲကျင်းပလိုက်သည့်အခါ လူအတော်စည် ကားပြီး ရှင်းလင်းသွားကြောင်း၊ ထို့နောက် ခရီးစဉ်နှင့် ဟောပြောခဲ့သည်များကို ရှင်းပြပြီး ရခိုင်ပြည်၏ စီးပွားရေး ၊ နိုင်ငံရေး အခြေအနေတို့ကိုပြော ပြကြောင်း၊ နိုင်ငံရေးမှာ ရခိုင်တပြည်လုံးသည် ဖ၊ ဆ၊ ပ၊ လ ဖက်သို့ စိတ်အား ထက်သန်နေကြသည်ကို သိခဲ့ရကြောင်း၊ ရောက်သည့်နေရာတိုင်းမှာပင် အစိုးရပိုင်းမှ အနှောင့်အရှက်မတွေ့ရဘဲ အချို့ ကိစ္စများတွင် ကူညီသည်ကိုပင် တွေ့ရကြောင်းနှင့်ပြောပြကြောင်း


ရခိုင်ပြည်တွင် အဖမ်းအဆီး ကိစ္စနှင့်စပ်လျဉ်း၍ လူအချို့ ကို ကာကွယ်ရေးဥပဒေနှင့် ဖမ်းဆီးထားကြောင်း၊ “ဘီ အိုင် အေ”လက်ထက်က အမှုများနှင့် ဖမ်းသည်ဟု သိခဲ့ရကြောင်း၊ အချို့ ကို ဓားပြမှုနှင့်ဖမ်းကြောင်း၊ စင်စစ်မှာ အချို့ သည် ဓားပြမှုနှင့် လုံးဝ မပက်သက်ဟု သိရကြောင်း။ ဖ၊ ဆ၊ ပ၊ လ မှ လူ၁၂ ယောက်ခန့်ဖမ်းဆီးထားရာ ထို ကဲ့သို့ ဖမ်းဆီးထားခြင်းသည် ရခိုင်ပြည်လုံးဆိုင်ညီလာခံ သဘင် ပျက်ပြားစေရန် အမှုရှာသည်နှင့်တူနေကြောင်း နှင့် ပျက်ပြားစေရန် အမှုရှာသည်နှင့်တူနေကြောင်းနှင့်ပြောဆိုကြောင်း။

ကြေညာချက်ထုတ်မည်
သတင်းစာ ဆရာများက သခင်ထွန်းအုပ်၏ စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ မေးမြန်းကြရာ ... ဗိုလ်ချုပ်အောင်ဆန်း က ထိုကိစ္စနှင့် စပ်လျဉ်း၍ မကြာမီ ကြေညာချက်တရပ် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ မိမိသည်မည်သူ့အားမျှ စစ်ရာ ဇ၀တ်ကောင် ဖြစ်အောင် မစွပ်စွဲခဲ့ကြောင်း၊ ဖဆပလ သည် စစ်ရာဇ၀တ်မှုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို သုံးကြိမ်တိုင်တိုင် ဆုံးဖြတ်အတည်ပြုခဲ့ကြောင်း၊ အစိုးရ လုပ်ပုံမှာ အပြောနှင့်မညီညွတ်၍သာ ပြောနေရ ခြင်း ဖြစ်ကြောင်း။

အားလုံးအရေးယူပါလား
“ဘီအိုင်အေ”လက်ထက်က လုပ်သည့်ကိစ္စများနှင့် စပ်လျဉ်း၍ အချို့ ကိုလျစ်လျူရှု၊ အချို့ ကို ရာထူးပေး၊ အချို့  ကို ရာထူးပေး၊ အချို့ ကို ဖမ်းလားဆီးလားနှင့် အရေးယူနေခြင်းစသည်ဖြင့် မညီမညွတ် လုပ်နေသည့်အတွက် အစိုးရတို့အားအရေးယူမည် ဆိုကလည်းအားလုံးကိုအရေးယူပါ။ လျစ်လျူရှုမည်ဆိုကလည်း တယောက်မကျန် တသဘောတည်းထားပါဟု ပြောနေရခြင်း ဖြစ်ကြောင်း၊ ရာထူးမယူယင်ဘဲ ဖမ်းတော့မလိုလို လေသံလွှင့်ခဲ့လို့ ဂွ တိုက်သည့်အနေဖြင့်ရာထူးမယူဘဲ နေခဲ့ပါသည်ဟု ဗိုလ်ချူပ်အောင်ဆန်းက ရှင်းပြကြောင်း၊ မောင့်ဘက်တန်က စစ်ဖက်တွင် ရာထူးပေးပုံနှင့်တကွ ကန္ဒီစာချုပ်အကြောင်းနှင့်ပက်သက်၍ အချို့ အချက်များကို ရှင်းလင်းပြောပြ ကြောင်း။

No comments:

Post a Comment